top of page
What is API
[Zawgyi]
[Unicodea]
ခုအပတ်မှာ  ကျနော်လေ့လာမိသလောက် API အကြောင်းလေးပြောပြချင်ပါတယ်။ နေ့စဉ်လူနေမှုဘဝမှာ ကျနော်တို့ တေ Technology ကိုအသုံးပြုနေကြပြီး အဲ့ထဲကမှ API က ဘယ်လိုလုပ်ငန်းဆောင်တာတေကိုလုပ်ဆောင်ပေးနေလဲ ဆိုတာကတော့ ကျနော့်ကို စိတ်ဝင်စားစေပါတယ်။ ဥပမာ ကျနော်တို့ social applications တေကိုအသုံးပြုခြင်းဖြင့် API ကိုမှီခိုရပါတယ်။
API လို့ပြောလိုက်ရင် Application Programming Interface လို့ အများစုသိရှိကြပါတယ်။ ကျနော် အရင်က general စဉ်းစားမိတာက API ဆိုတာ fancy web site တခုပေါ့။ တကယ်တန်းမှာ ကျနော်နားလည်ထားတာက အမှားကြီးပါ။ ဒါဆို API က ဘယ်သူတေအတွက် ဘယ်လိုအလုပ်လုပ်ပေးတာလဲပေါ့။ စဉ်းစားစရာပါပဲ။
တကယ်တမ်း API ဆိုတာက application တခုကနေ တခု ဘယ်လို communicate လုပ်ပါဆိုတဲ့ rules တေနဲ့ application တခုတခုကြား interaction လုပ်ဆောင်ပေးတဲ့ mechanisms တေစုဝေးထားတဲ့ software တခုပါ။ application တခုနဲ့တခု data ယူချင်တဲ့အခါမှာပဲဖြစ်စေ ပို့ချင်တဲ့အခါမှာပဲဖြစ်စေ interaction လုပ်ပေးပါတယ်။ နောက်တခုက application တခုက တခြား server ကတေ service တခုခု request လုပ်တဲ့အခါ interaction လုပ်ပေးပါတယ်။ အကျဉ်းချုပ် ပြောရင် API က software to software communicate လုပ်ပေးတယ်ပေါ့ဗျာ။
IT လောကသားမဟုတ်တဲ့ အပြင်လောကနဲ့ ဥပမာပေးရမယ်ဆိုရင် API ဆိုတာ waiter တယောက်နဲ့ တူပါတယ်။ မတ်ဆွေက စားသောက်ဆိုင်တခုမှာထိုင်ပြီး Food Menu list ထဲက အစားသောက်တခုကိုမှာချင်ပီး ၊ စားဖိုမှုးက အဲ့ဒီ့အစားအသောက်အတွက် ချက်ပြုတ်ပေးမယ့် System တခုဆိုပါစို့။ မိတ်ဆွေနဲ့ စားဖိုချောင်(System) ကြားမှာ communication လုပ်ပေးတဲ့သူကတော့ waiter(API) ပါ။ waiter က မိတ်ဆွေမှာတဲ့ orderကို စားဖိုချောင်ကိုယူသွားပြီးနောက် လိုချင်တဲ့ အစားသောက်ကို provide လုပ်‌ပေးမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာ မတူညီတဲ့ API အမျိုးစားတေနဲ့ How can we rely on API security ဆိုတာကို ကျနော် နားလည်သလောက် ပြန်လည်ရှင်းပြချင်ပါတယ်။
Origanal Credit: https://www.mulesoft.com/resources/api/what-is-an-api
Idea Credit: Directly go to my Brothers and Friends.
Thank You!
Recent Posts
See All
cisco csr1000v ios upgrade
Today Let me share about upgrading or downgrading ios using ansible. Original idea credit to eanylin (https://github.com/eanylin). I...
Comments
Subscribe Form
  • facebook
  • twitter
  • linkedin
©2019 by proximus. Proudly created with Wix.com
bottom of page